The Tony Fernandes School Of Business အကြောင်းကိုထုတ်ဖော်ပြောကြားလိုက် သည့် The University Of Cambodia

ဖနွမ်းပင်၊၂၀၁၇ခုနှစ် မလ၁၀ရက် - The University of Cambodia (UC) သည် ၎င်းတို့၏ Business School အား
အဲအေးရှား၏ Group Executive Officer တိုနီဖာနန်ဒက် ကိုအစွဲပြု၍ နာမည်ပေးအပ်ခဲ့သည်။

UC သည် ၎င်းတို့၏တက္ကသိုလ်အဆောက်အအုံ ၈ ထပ် တွင်ရှိနေသော The Tony Fernandes School Of Business နှင့် ၎င်း၏ လိုဂိုအမှတ်တံဆိပ် အကြောင်းကိုယခင်အပတ် ဗုဒ္ဓဟူးနေ့ ကထုတ်ဖော်ပြောကြားလိုက်သည်။၎င်းအဆောက်အအုံတွင်း တွင်ပင် ညီလာခံများ ၊ အလုပ်ရုံဆွေးနွေးပွဲများ ၊ ညှိနှိုင်းဆွေးနွေးပွဲများ လက်ခံကျင်းပပေးနေသော

စာသင်ခန်းမကိုလည်း AirAsia ဟု အမည်ပေးကင်ပွန်းတပ်ခဲ့သည်။ဖာနန်ဒက် မှာ ယခင်ကလည်း အာဆီယံဒေသ ၏
လကြောင်းသွားလာရေးလောကတွင် သူမတူထူးခြားစွာ တိုးတက်စေခဲ့ခြင်းနှင့် အာဆီယံတစ်ခွင်ကို

ပိုမိုကောင်းမွန်သော ဆက်နွယ်မှုများဖြင့် ပိုမိုချောမွေ့စွာ ပါင်းစည်းစေခဲ့ခြင်း တို့အတွက် The University of Cambodia မှ အကျိုးဆောင်ပါရဂူဘွဲ့ ကိုရရှိခဲ့ဖူးသည်။The University of Cambodia ကိုတည်ထောင်သူ သဘာပတိ President HE Dr Kao Kim Hourn ကပြောသည်မှာ "ဒီလိုမျိုး တိုနီ့ နဲ့ စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ တိုနီ့ရဲ့ ထူးချွန်ထင်ရှားစွာအောင်မြင်မှု တွကိုအစွဲပြုပြီး ဒီကျောင်းကိုနာမည်ပေးဖို့ဆိုတာ

အထူးအခွင့်အရေးတစ်ခုပါ။သူ့ကိုသူများနဲ့မတူစေတဲ့အချက်တွေက သူရဲ့အောင်မြင်မှုတွေအပြင်ပေါ့နော်။ သူရဲ့
ရိုးသားနှိမ့်ချတတ်တာတွေ သူရဲ့တစ်ပါးသူတွေ အပေါ်ထားတဲ့ သူရဲ့အကြင်နာမေတ္တာ တွကို

သူရဲ့ပရဟိတအလုပ်တွေကနေတဆင့် ပသခဲ့တာတွေ အားကစားနဲ့ပက်သက်ပြီး ကူညီထောက်ပံ့ပေးခဲ့တာတွေ
လည်းပါပါတယ်။ အဲဒီတော့အခုလိုကမ္ဘောဒီးယား နဲ့ မလေးရှားကြား ပိုမိုရင်းနှီးလာတာကနေ ကျွန်တော်တို့ရဲ့
ညီအစ်ကိုအရင်းအချာလို ဆက်ဆံရေးကိုလည်း ပိုပြီးခိုင်မာလာစေမယ်လို့မျှော်လင့်ပါတယ်။အဲအေးရှား ၏ Group CEO တိုနီဖာနန်ဒက်မှလည်း "University of Cambodia ရဲ့အသိအမှတ်ပြုမှုကို ရရှိတယ်ဆိုတာ တကယ်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ။ ကျွန်တော် အနေနဲ့ကတော့ အခုလို ကျာင်းတစ်ကျောင်းကို ကိုယ့်နာမည် ကိုအစွဲပြုပြီးနာမည်ပေးအပ်ထားခံရဖို့ ထိုက်တန်ရဲ့လားသိပ်တော့မသေချာပါဘူး။ ဒါပေမဲ့ ကျာင်းသား၊ကျောင်းသူတွေအနေနဲ့ မယုံကြည်နိုင်စရာတွေကို ယုံကြည်ပြီး မဖြစ်နိုင်တာတွေကို အိမ်မက်ပြီး အဖြေတစ်ခုရဖို့ကြိုးစားတာကို ဘယ်တော့မှမငြင်းပယ်ခဲ့ရင်

ဘယ်လိုမျိုးအောင်မြင်မှုတွေရလာနိုင်တယ်ဆိုတာကို လှုံ့ဆော်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"
ဟုပြောကြားခဲ့သည်။အဲအေးရှား မှ ဖနွမ်းပင်နှင့် စီရမ်ရိ သို့လမ်းကြောင်းပေါင်း၅ကြောင်းထိပြေးဆွဲပေးနေပြီး ၆ ကြာင်းမြောက်အနေဖြင့် ရှီဟနွတ်ဗေလ်းကို လာမည့်လတွင် ပးဆွဲမည်ဖြစ်ကာ ကမ္ဘောဒီးယား ကိုအခြားအာဆီယံနိုင်ငံများ သာမက အခြားသောအာရှ၊ သြစတျေးလျ၊နယူးဇီလန်၊အရှေ့အလယ်ပိုင်းဒေသများနှင့် ယူအက်စ်ရှိ နရာပေါင်း ၁၂၀ ကျာ် သို့

ဘန်ကောင်နှင့်ကွာလာလမ်ပူမှတစ်ဆင့် ဆက်သွယ်ပေးမည်ဖြစ်ပါသည်။The University of Cambodia School of Business သည် Eduniversal Business Schools Ranking 2016 တွင် ကမ္ဘောဒီးယား ၏ ထိပ်တန်းစီးပွားရေးကျောင်းများထဲမှ တစ်ကျောင်းအဖြစ် စာရင်းဝင်ခဲ့ပြီး " ဒသဆိုင်ရာလွှမ်းမိုးမှုအငွေ့အသက်များ ကာင်းစွာရှိနေသည့် စီးပွားရေးကျောင်း "ဟု မှတ်ချက်ပေးခြင်းခံခဲ့ရသည်။