အာရှနှင့် သြစတေးလျ-အာရှဒေသဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲ (World Travel Awards Asia and Australasia) တွင် အဲအေးရှား သည် အာင်မြင်မှုရရှိခဲ့သည် ။

050617.JPG

အဲအေးရှားသည် အာရှ ၏ ရှ့ဆောင် တန်ဖိုးနည်းလေကြောင်းလိုင်းအဖြစ် ငါးနှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရပြီးLeading Low-Cost Airline Cabin Crew ဆု အား ဒုတိယအကြိမ် ရရှိခဲ့သည်။

ဆီပန်, ၂၀၁၇ ဇွန်လ ၄ရက်နေ့ - အာရှနှင့် သြစတေးလျ-အာရှဒေသဆိုင်ရာ 2017 ခုနှစ်အတွက်ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲအခမ်းအနား (World Travel Awards Asia and Australasia ) တွင် အဲအေးရှားသည် အာရှ၏ ရှ့ဆောင် တန်ဖိုးနည်းလေကြောင်းလိုင်းအဖြစ် ငါးနှစ်မြောက် မဲပေးသတ်မှတ်ခြင်းခံခဲ့ရသည်။

ဤချီးကျူးထောမနာပြုမှု ကို ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားလာရေးကျွမ်းကျင်သူများ၏ မဲပေးခြင်းမှတစ်ဆင့်ရွးချယ်သတ်မှတ်ခြင်းဖြစ်ကာ Air India Express, Firefly, GoAir, JetKonnect, JetStar Airways, Lucky Air, Nok Air, Scoot, SpiceJet နှင့် West Air တို့ထက် ပိုမိုသာလွန်စေခဲ့သည့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်စေရန် စိတ်ရောကိုယ်ပါ မှုပ်နှံ ထားခဲ့သည့် အဲအေးရှား၏ကြိုးစားအားထုတ်မှု ကို အသိအမှတ်ပြု ချီးကျူးခဲ့ကြသည်။

အာရှရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော အဲအေးရှားသည် အခြားပြိုင်ဖက်လေကြောင်းလိုင်း ၉ခုဖြစ်သော Air India Express, Firefly, GoAir, JetKonnect, Jetstar Airways, Lucky Air, Nok Air, SpiceJet နှင့် West Air တို့အား ကျာ်ဖြတ်အနိုင်ယူပြီး Asia's Leading Low-Cost Airline Cabin Crew ဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ထိုဆုများကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ Grand Kempinski ဟိုတယ်တွင် ယနေ့ကျင်းခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ပးအပ်ခဲ့ခြင်းဖြစ်သည်။

AirAsia လုပ်ငန်းစု၏ ပူးပေါင်းတည်ထောင်သူနှင့် Group CEO ဖြစ်သူ တိုနီဖာနန်ဒက် က “ဒီဆုဟာအမြဲတမ်းပိုမိုကောင်းမွန်အောင် ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုခြင်းဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ထူးခြားတဲ့ အာင်မြင်မှုပါပဲ။ နာက်ထပ်လည်း

ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်အောင် အမြဲကြိုးစားနေမှာပါ။ ဒီနှစ်မှာတော့ ကျွန်တော်တို့ဟာ
လယာဉ်စီးရတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုမိုလွယ်ကူစေဖို့အတွက် check-in ပြုလုပ်တဲ့စနစ်ကို ပိုမိုတိုးတက်အောင်လုပ်ဖို့ အာရုံစိုက်ထားပါတယ်။ ROKKI ဟာ လယာဉ်တွင်းအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ဖို့နဲ့ ကျွန်ုပ်တို့ရဲ့ Santan လေယာဉ်တွင်းအစားအသောက်ကို တဖြည်းဖြည်းနဲ့ပိုမိုကောင်းမွန်အောင်လုပ်ပေးမယ့် ကြီးမားတဲ့ တွန်းအားတစ်ရပ်ပဲ ဖစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ အာဆီယံဒေသထွက်ကုန်တွေကို အာရှရဲ့ ကျန်ရှိတဲ့ဒေသတွေနဲ့ ကမ္ဘာတစ်ဝှမ်းကိုယူဆောင်လာဖို့ စိတ်လှုပ်ရှားနေမိပါတယ်” ဟုပြောကြားခဲ့သည်။

ထို့အပြင် တိုနီမှ “အံသြစရာကောင်းလောက်အောင်ထူးချွန်တဲ့ ကျွန်တော့ရဲ့ လယာဉ်ဝန်ထမ်းတွေကိုလည်းကျးဇူးအထူးတင်ကြောင်း ပာကြားလိုပါတယ်။ နာက်ထပ် လယာဉ်ဝန်ထမ်းဆုတစ်ဆုကို ထပ်ရတာဟာ တကယ်ကို ထူးခြားသလို ဒါဟာလည်း သူတို့ကြောင့်ရတာပဲ ဖစ်ပါတယ်။ သူတို့ဟာ ထူးခြား၊ ထွးပြီး စစ်မှန်တဲ့ အကောင်းဆုံး လယာဉ်ဝန်ထမ်းတွေပါပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။

အဲအေးရှား မှ North Asia ၏ ဥက္ကဌအဖြစ်ခန့်အပ်ထားသော ကတ်သလင်း တန် က “ဒီလို ချီးကျူးဂုဏ်ပြုဆုနှစ်ဆုကိုနာက်တစ်ကြိမ်ထပ်မံရရှိတာကြောင့် တကယ်ကိုဂုဏ်ယူမိပါတယ်။ ကျွန်မတို့ဟာ ခရီးသည်တွေဆီက တုံ့ပြန်သံတွေကို နားစွင့်နေခဲ့ပြီးတော့ အဖိုးသက်သာစွာခရီးသွားနိုင်ရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ကို ကာင်းမွန်အောင် ၁၆နှစ်လုံးလုံး မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အာဆီယံရဲ့ဧည့်ဝတ်ကျေပြွန်မှုကို စံနမူနာပြသတဲ့ ဝန်ဆောင်မှုတွေကိုသာ ပးစွမ်းနေသေးကြောင်း ထပ်ပြီးသေချာစေခဲ့ပါပြီ။ ကျွန်ုပ်တို့ကို အာရှရဲ့ နံပါတ်တစ်လေကြောင်းလိုင်းအဖြစ် ငါးနှစ်ဆက်တိုက် အသိအမှတ်ပြုခံရအောင် မဲပေးခဲ့သူတွေနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံးလေယာဉ်ဝန်ထမ်းဆုပေးခဲ့သူတွေကို ကျးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ခရီးသည်တွေဆီက ထူးခြားတဲ့ပံ့ပိုးမှုမပါပဲ ဒီလိုအနေအထားတွေ ဖစ်လာမှာမဟုတ်ပါဘူး” ဟု ပာကြားခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲ (The World Travel Awards ) သည် ကမ္ဘာတစ်ဝှမ်းနှင့် ခရီးသွားလာရေးကဏ္ဍမှာ ဂုဏ်သတင်းအကြီးဆုံး ၊ ကဏ္ဍစုံအပါဝင်ဆုံးဖြစ်ကာ လူအများနှစ်သက်ကြသော ဆုပေးအစီအစဉ်တစ်ခုလည်းဖြစ်သည်။

ခရီးသွားလာခြင်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၏ အဓိကကဏ္ဍများတွင် အထူးချွန်ဆုံးအဖွဲ့အစည်းများအားအသိအမှတ်ပြုရန်၊ဆုချီးမြှင့်ရန်နှင့် ချီးကျူးဂုဏ်ပြုနိုင်ရန် ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆုပေးပွဲသည် လုပ်ငန်းကျွမ်းကျင်မှုအား အာမခံသည့်အမြင့်ဆုံး ၀ိသေသလက္ခဏာအဖြစ် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုကြသည်။